Showing posts with label news. Show all posts
Showing posts with label news. Show all posts

Wednesday, January 16, 2008

ရေနံဈေးနှုန်းများမြင့်တက်သော်လည်း မလေးရှားငွေကြေးဖောင်းပွမှုနှုန်း ထိန်းထား

ကွာလာလန်ပူ(သော်မဆင် ဘဏ္ဍာရေး)။ ။ မလေးရှားအစိုးရက ပြောကြားသည်မှာ ရေနံစိမ်းဈေးနှုန်းခိုင်မာလျှက်ရှိသော်လည်း ၂၀၀၈ ခုနှစ် မလေးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ခန့်မှန်းထားသည့်နှုန်း၂-၂.၅%မှာသာ ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများမှ ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

လာမည့် ၆ လအတွင်း ၂-၂.၅%သည်ခိုင်မာနေဦးမည် ဖြစ်ကြောင်း ယခုနှစ်အတွင်းငွေကြေးဖောင်းပွမှုနှုန်းသည် တက်လာဖို့မရှိကြောင်းဘဏ္ဍာရေးဒုတိယ၀န်ကြီး နော်မိုဟန်ယက်ကော့ ကပြောကြားခဲ့ကြောင်းသိရသည်။

မလေးရှားနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း နိုဝင်ဘာလတွင်နှစ်စဉ်နှုန်း ၂.၃%သို့တက်ခဲ့ကြောင်း၊ ငွေဖောင်းပွမှုနှုန်း ၃.၁% ရောက်ရှိခဲ့သော အချိန် ဖေဖော်ဝါရီလကတည်းက ၎င်းနှုန်းမြန်တက်လာခဲ့ကြောင်းသိရသည်။

Source: bignewsnetwork.com






Powered by ScribeFire.

Wednesday, January 2, 2008

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အိန္ဒိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံ

နယူးဒေလီ၊ ဇန်န၀ါရီလ(၂)ရက်။ ။ ပြီးခဲ့သောဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦဥာဏ်ဝင်းသည် ၀န်ကြီးချုပ် ဒေါက်တာမာမိုဟန်ဆင်းနှင့်တွေ့ဆုံခဲ့သည်။ ထို့နောက်နိုင်ခြားရေးဝန်ကြီး ပရာနတ်မူကာဂျီ နှင့် ကိစ္စအများအပြား အပေါ်ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး၊ အထူးသဖြင့် စွမ်းအင်နှင့်ကုန်သွယ်ရေးကို အလေးထားဆွေးနွေးခဲ့သည်။

အိန္ဒိယသည် စွမ်းအင်ကဏ္ဍအတွက် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်ကြောင်း၊ မာတီမိုဒယ်(Multil-Modal) သယ်ယူပို့ဆောင်ရေးစီမံကိန်း အားလက်ဆသတ်နိုင်ရန်မျှော်လင့်ကြောင်း၊ အရှေ့မြောက်သူပုန်များ၏ လှုပ်ရှားမှုများကိုကိုင်တွယ်ဖြေရှင်းရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်မျှော်လင့်ကြောင်း ဆွေးနွေးပြောဆိုကြသည်။

စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ အိန္ဒိယဘက်မှအလေးထားဆောင်ရွက်မည့်အကြောင်း၊ ကုလားတန်မြစ် ဘက်ဆုံသုံးရေနက်ဆိပ်ကမ်းစီမံကိန်း ကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အရှေ့မြောက်ပြည်နယ်များနှင့် နိုင်ငံ၏ ကျန်ဒေသများအကြား တဆင့်ခံကုန်သွယ်ရေး(Transit access) အခွင့်အလမ်းများရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ဆိပ်ကမ်းနှင့် ရေလမ်း ကုန်းလမ်းများ တည်ဆောက်ရေး၊ ကုလားတန်မြစ်ကိုဖြတ်၍ မြန်မာနှင့် မိဇိုရာမ်ဆက်သွယ်ထားသော စစ်တွေဆိပ်ကမ်းကို ဖွံ့ဖြိုးစေရန် စသည်တို့ပါရှိသည်။

Source: bignewsnetwork.com


Powered by ScribeFire.

Wednesday, December 12, 2007

ဒေါ်လာဈေးအားပျော့လာခြင်းသည် အမေရိကန်တို့အားစိုးရိမ်ပူပန်မှုဖြစ်စေ

ဥရောပသမဂ္ဂ၏ ငွေကြေးဆိုင်ရာ မင်းကြီး Joaquin Almunia ပြောဆိုခဲ့သည်မှာ အမေရိကန်အရာရှိများသည် ဒေါ်လာတန်ဖိုး အားပျော့လာခြင်းအပေါ် အနည်းငယ်အာရုံစိုက်လျှက်ရှိကြောင်း၊ လွန်ခဲ့သော ဆယ့်နှစ်လအတွင်း ယူရိုနှင့် အခြားငွေကြေးများ နှင့်ပတ်သက်သော အားနည်းလာခြင်းအပေါ် စိုးရိမ်လျှက်ရှိသော လက္ခဏာများ ၎င်းတို့အတွင်းဖြစ်ပေါ်လျှက်ရှိကြောင်း ဥရောပသမဂ္ဂ၏ မက်ဒရစ်မြို့ ညီလာခံ၌ ပြေကြားခဲ့သည်။


Almunia ကပြောကြားခဲ့သည်မှာ ရင်းနှီးမြုပ်နှံသူများက ဒေါ်လာငွေဖြင့်ဖေါ်ပြသော အက်ဆက်များစီးထွက်စေမည့် ကိစ္စကို အမေရိကန်အရာရှိများ မည်သို့မျှဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း သိသည်ဟုဖော်ပြခဲ့သည်။ ယူရိုငွေဈေး $ 1.50 သို့ရောက်နေသည့်တိုင်အောင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Henry Paulson က ဒေါ်လာငွေသည် ဆက်လက်ခိုင်မာဆဲဖြစကြောင်း ပြောဆှိုလျှက်ရှိသည်ဟုဖော်ပြထားသည်။

Source: Big News Network.com Tuesday 11th December, 2007




Powered by ScribeFire.

Thursday, December 6, 2007

အင်္ဂလန်နိုင်ငံဘဏ်မှ အတိုးနှုန်းများလျှော့ချပေး

ပြီးခဲ့သောကြာသပတေးနေ့က အင်္ဂလန်ဘဏ်သည် ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့သီးသန့်ငွေသား ၂၅ အခြေခံနှုန်း (basis points) ဖြင့်ပေးချေရန် ၎င်းင်း၏ဘဏ်တိုးနှုန်းကို အလျှင်အမြန်လျှော့ချဖို့ ဆန္ဒမဲပေးခဲ့သည်။

Thu, 06 Dec 2007 13:47:51


source: bignewsnetwork.com

Monday, December 3, 2007

Bel-air လေသန့်စင်စနစ်သည် အပင်များကိုအသုံးပြှုှုှု၍ သင့်အိမ်တွင်းလေထုကိုသန့်စင်ပေး


ပြင်သစ်ဒီဇိုင်းနာ Mathieu Lehanneur ၏ လေသန့်စင်စနစ်သည် အပင်ငယ်များကို အသုံးပြု၍ သဘာဝအလျှောက် သန့်စင်ပေးသော စနစ်တစ်ခုဖြစ်သည်။ ဖန်လုံအိမ်ငယ်အဖြစ်ဆောင်ရွက်ပေးနိုင်ပြီး
လေထုအတွင်းမှ benzene, formaldehyde, trichloroethylene စသည်တို့ကို ဖယ်ရှားပေးနိုင်သည်။

Source:
http://gizmodo.com