အမေရိကန်နိုင်ငံကို စီးပွားရေးပျက်ကပ်မှ ကယ်တင်ရန် ဖက်ဒရယ်ရီဇတ်က အတိုးနှုန်းများကို လေးပုံတစ်ပုံ ရာခိုင်နှုန်းအမှတ်ထိ အဂ်ါနေ့က လျှော့ချခဲ့သည်။ ဤသို့ ဖက်ဒရယ်ဖန်း (Federal fund) နှုန်း ကို ၄.၂၅ နှုန်းထိလျှော့ချခြင်းသည် လွန်ခဲ့သောသုံးလအတွင်း တတိယအကြိမ်မြောက် လျှော့ချခြင်းဖြစ်သည်။ အကယ်၍ အိုးအိမ်ဈေးများ ဆိုးရွားစွာကျဆင်းခြင်း၊ အပေါင်ပစ္စည်းတစ်စုံတစ်ရာဖြင့် ချေးငှားခြင်းလုပ်ငန်းများတွင် အကျပ်အတည်းများပေါ်ပေါက်ပါက ထို့ထက်ပို၍ လျှော့ချမည်ဖြစ်ကြောင်း ဖက်ဒရယ်အာဏာပိုင်များက ပြောကြားသည်။
ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် ၎င်းတို့၏ မူလအတိုးနှုန်းများကို ဖက်ရီဇတ်မှ နောက်ဆုံးလျှော့ချသော အတိုးနှုန်းများနှင့် ကိုက်ညီရန် မျှော်လင့်ကြောင်းဖော်ပြထားသည်။ ထို့အပြင် ၎င်း၏ လျှော့လဲနှုန်းများကိုလည်း ၄.၇၅% ထိလျှော့ချပြီး၊ ဘဏ်များကို ဖက်ရီဇတ်မှ ပိုမိုလွတ်လပ်စွာ ငွေချေးငှားနိုင်စေရန်ဖြစ်သည်။

12/11/2007 15:35

Powered by ScribeFire.
No comments:
Post a Comment