Sunday, December 16, 2007

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ မြန်မာ့ပထမဆုံးကြက်ငှက်တုတ်ကွေးရောဂါ လူ၌ဖြစ်ပွားမှုအားအတည်ပြုပြောကြား

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သောသတင်းများအရ ရောဂါခံစားရသူသည် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ခုနှစ်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း(WHO) မှပြောကြားသည်။ တာဝန်ရှိသူများပြောကြားသည်မှာ သူမသည် (H5N1) ဗိုင်းရပ်စတင်ဖြစ်ပွားရာ ကြက်မွေးမြူရေးခြံတစ်ခုအနီးတွင် လွန်ခဲ့သောလမှစတင်၍ ရောဂါလက္ခဏာများစတင်ဖွံ့ဖြိုးလာခဲ့ကြောင်း၊ အသက်ရှင်ခဲ့ကြောင်းပြောကြားခဲသည်။

အရှေ့အာရှနိုင်ငံ ခုနှစ်နိုင်ငံမှ (H5N1) ကြောင့်လူသားကိုကူးစက် သေစေနိုင်သောရောဂါ သတင်းပို့ အစီရင်ခံစာများပေးပို့ခဲ့ပြီး၊ ဖြစ်ပွားမှုအများဆုံးနိုင်ငံနှစ်နိုင်ငံသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် နိုင်ငံ (၁၃) နိုင်ငံ၌ လူပေါင်း (၂၀၀)ကျော်သေဆုံးခဲ့ကြောင်းဖော်ပြခဲ့သည်။

source: 14 December 2007

No comments: