Thursday, January 3, 2008

ချန်နှိုင်းဆရာဝန်များ ရိုဘော့အကူအညီယူ၍ နှလုံးခွဲစိတ်ကုသမှု

Chennai၊ ဇန်န၀ါရီလ(၂)ရက်၊ ၂၀၀၈။ ။ သမိုင်းတင်မှတ်တိုင်တစ်ရပ်အဖြစ် လူနာနှစ်ဦးအားရိုဘော့အကူအညီဖြင့် နှလုံးခွဲစိတ်မှုတစ်ရပ် ချက်တီးနက်မြို့တော်ဆေးရုံတစ်ခုတွင် အောင်မြင်ပြီးစီးခဲ့သည်။ ခွဲစိတ်မှုအားလွန်ခဲ့သောငါးရက်ခန့်က ပြုလုပ်ခဲ့ပြီး၊ လူနာများသည် ဆရာဝန်များ၏ ပြောဆိုချက်အရ ပြန်လည်ကျန်းမာလျှက်ရှိကြောင်းသိရှိရသည်။ ရိုဘော့အကူအညီယူ၍ ခွဲစိတ်ခြင်းသည် နာကျင်မှုနှင့် သွေးထွက်မှုလျှော့နည်းစေကြောင်း၊ ခွဲစိတ်ကုသမှုခံယူခဲ့သော အသက်နှစ်ဆယ်အရွယ်အမျိုသားနှစ်ဦးအား ခွဲစိတ်ဆရာဝန်များက နည်းပညာသစ်အားအသုံးပြုခဲ့ခြင်းဖြစ်သည်။

အကျိုးကျေးဇူးများမှာ များပြားလှကြောင်း၊ ပထမဦးစွာ တစ်သျှူးများထိခိုင်မှုနည်းသောကြောင်း သွေးထွက်မှုနှင့် သွေးယိုစိမ့်မှုနည်းခြင်း၊ အမာရွတ်ကျန်မှုနည်းပါးခြင်းစသည့်အကျိုးကျေးဇူးများကြောင့် နောက်တစ်ကြိမ် နောက်ထပ်ခွဲစိတ်မှုပြုသောအခါ တစ်သျူးတွင်အမာရွတ်အနည်းငယ်သာတွေ့မြင်ရမည်ဖြစ်ကြောင်း ဒေါက်တာ ရာဗီကူးမားက ပြောကြားခဲ့သည်။

Source: bignewsnetwork.com


Powered by ScribeFire.

No comments: