Wednesday, January 16, 2008

ရေနံဈေးနှုန်းများမြင့်တက်သော်လည်း မလေးရှားငွေကြေးဖောင်းပွမှုနှုန်း ထိန်းထား

ကွာလာလန်ပူ(သော်မဆင် ဘဏ္ဍာရေး)။ ။ မလေးရှားအစိုးရက ပြောကြားသည်မှာ ရေနံစိမ်းဈေးနှုန်းခိုင်မာလျှက်ရှိသော်လည်း ၂၀၀၈ ခုနှစ် မလေးရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ခန့်မှန်းထားသည့်နှုန်း၂-၂.၅%မှာသာ ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများမှ ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

လာမည့် ၆ လအတွင်း ၂-၂.၅%သည်ခိုင်မာနေဦးမည် ဖြစ်ကြောင်း ယခုနှစ်အတွင်းငွေကြေးဖောင်းပွမှုနှုန်းသည် တက်လာဖို့မရှိကြောင်းဘဏ္ဍာရေးဒုတိယ၀န်ကြီး နော်မိုဟန်ယက်ကော့ ကပြောကြားခဲ့ကြောင်းသိရသည်။

မလေးရှားနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း နိုဝင်ဘာလတွင်နှစ်စဉ်နှုန်း ၂.၃%သို့တက်ခဲ့ကြောင်း၊ ငွေဖောင်းပွမှုနှုန်း ၃.၁% ရောက်ရှိခဲ့သော အချိန် ဖေဖော်ဝါရီလကတည်းက ၎င်းနှုန်းမြန်တက်လာခဲ့ကြောင်းသိရသည်။

Source: bignewsnetwork.com






Powered by ScribeFire.

No comments: